January 10, 2009

USB Security အတွက်

နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လွယ်ကူစွာသယ်ယူဆောင်နိုင်ပြီး၊ မိမိလိုရာဒေတာများကို သိမ်းဆည်းထားနိုင်သော usb memory stick (Pen Drive) များသည် ယနေ့တွင် လူတိုင်းလိုလို ဘောပင်တစ်ချောင်းလိုပင် အသုံးပြုများလာပါသည်။ ဤသို့အသုံးပြုများသော Pen Drive များတွင် လက်ရှိမြန်မာပြည်တွင် Virus ကပ်ပါလာမှုအများဆုံးဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း လုံခြုံမှုအပြည့်မရှိသော ကွန်ပြူတာများတွင် ထိုးသွင်းအသုံးပြုခြင်း၊ လုံခြုံမှုမရှိသောဝဘ်ဆိုဒ်များမှ download လုပ်ခြင်း ကြောင့်ဖြစ်ပါသည်။ Pen Drive များတွင် အများဆုံးကပ်ပါလာသော Virus များမှာ W32.SillyFDC, W32.SillyDc, W32.Gammima.AG, W32.Imaut, W32.Imaut.AS, W32.Fanbot.F, Backdoor.Bifrose, Backdoor.Trojan, Trojan Horse, VBS.Invadesys.A ဖြစ်သည်။ ၄င်း Virus များသည် မိမိကွန်ပြူတာအတွင်းရှိ ဖိုင်နာမည်များဖြင့် ၀င်ရောက်နေတတ်ပြီး၊ Pen Drive များတွင် Autorun.inf, killVBS.exe, Photo.exe, စသဖြင့် မိမိစက်အတွင်းသို့ဝင်ရောက်လာတတ်ပါသည်။ ဤကဲ့သို့သော Virus များကို တော်ရုံတန်ရုံ Antivirus program များက မဖမ်းဆီးနိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် မိမိအသုံးပြုထားသော Antivirus program များကို Daily Update မလုပ်နိုင်လျှင် အနည်းဆုံး Weekly update တော့လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ လုပ်ထားယုံနှင့် လုံခြုံမှုအပြည့်အ၀ရရှိနိုင်မည်တော့ မဟုတ်ပါ။

Virus ဖမ်းဆီးနေပုံကျွန်တော်တို့ အသုံးပြုထားသော Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ USB Disk Security ဆိုတဲ့ software ဖြစ်ပါတယ်။ လုံခြုံမှု ၁၀၀% ပေးနိုင်မယ်လို့တော့ မဆိုနိုင်ပါသော်လည်း MP3/4, Digital Camera, Memory Stick, Pen Drive နှင့် usb devices များမှ ကူးစက်တတ်သော Virus တွေတော်တော်များများကို ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ ယခု USB Disk Security ကို တစ်ခုတည်းအသုံးမပြုပဲ၊ Anitivirus Software တစ်ခုခုနဲ့တွဲဖက်အသုံးပြုမှ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Symantec AntiVirus Corporate Edition V10.0.2.2000 Client နဲ့တွဲဖက်ပြီးအသုံးပြုရာမှာ တွေ့သမျှ Virus များကို ဖမ်းဆီးသုတ်သင်နိုင်မှုကို သဘောကျနှစ်ခြိုက်ပြီး ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ Norton Antivirus Defination ကို နေ့တိုင်းမဖြစ်နိုင်ရင် တစ်ပတ် တစ်ကြိမ် update လုပ်ပေးဖို့လိုပါလိမ့်မယ်။ သို့မှာသာ အသစ်သစ်သော Virus များကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ usb devices များမိမိစက်အတွင်းသို့ plug-in လုပ်ချိန်တွင် ၄င်း Software တက်လာမှာဖြစ်ပါတယ်၊ အကယ်၍ မိမိ devices တွင် Virus များပါလာပါက အထက်ပါပုံအတိုင်း (ဥပမာ နှစ်ကောင်ရှိနေလျှင်) 2Threats Found ဆိုပြီး Threat အောက်မှာ ဖမ်းထားထား Virus နှင့် State အောက်မှာ Risky ပြမှာဖြစ်ပါတယ်။ တစ်ချို့ program များ virus မဟုတ်သော်လည်း သံသယရှိပါက Species ပြလာပါလိမ့်မယ်၊ မိမိယုံကြည်စိတ်ချသော Program ဖြစ်နေပါက ချန်ထားလိုက်ပြီး၊ စိတ်မချလျှင် Delete All သာလုပ်လိုက်ပါ။ ၄င်း Virus များကို Quarantine ထဲမှာရောက်နေမှာပါ၊ မှားဖျတ်မိလျှင် Restore ပြန်လုပ်နိုင်ပါတယ်။ သေချာရင်တော့ အပင်ပန်းမခံနဲ့ Empty သာလုပ်ပစ်လိုက်ပါ။ အကယ်၍ Threat နေရာမှာ ပေါ်နေပြီး State မှာ Delete Failed ပြနေလျှင် စိတ်ပူစရာမလိုပါ၊ နောက်တစ်ကြိမ်ထပ်ကြိုးစားပြီး Delete လုပ်ကြည့်ပါ။ မရလျှင်လဲ Virus Sign ပေါ်နေပြီဖြစ်သည့်အတွက် Antivirus program များက "ရုံးကိုလိုက်ခဲ့ပါ ရုံးရောက်မှပြော" လုပ်မှာပါ၊ စိတ်မပူနဲ့ ပြီးမှ ဘာလုပ်ချင်သလဲဆိုတာ Antirus program ကဆုံးဖြတ်ခိုင်းပါလိမ့်မယ်။ အတော်ကိုဆိုးဝါးတဲ့ အကောင်ဆိုရင် Antivirus program က အလိုအလျှောက် ဖျတ်ပစ်သွားမှာပါ။

သဘောကျတယ်ဆိုရင် အောက်ပါအတိုင်း Download လုပ်နိုင်ပါတယ်။ မြန်မာပြည်မှာကတော့ သိတဲ့အတိုင်း Crack version နဲ့မှ အဆင်ပြေမှာမို့ Crack ဖိုင်ကိုပါ ထည့်ပေးထားပါတယ်။

Download လုပ်ရာတွင် အခက်အခဲရှိပါက email ဖြင့်လည်းကောင်း၊ Comment ဖြင့်လည်းကောင်း ရေးသားပေးပို့နိုင်ပါသည်။


No comments:

Post a Comment

AI PC LAB