Showing posts with label Hacking. Show all posts
Showing posts with label Hacking. Show all posts

March 19, 2009

အင်တာနက်ဆိုင်တွေမှာ သတိပြုသင့်စရာ

အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့ အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှအားလုံး မှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။
ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။

Web: တစ်ခုမှ ကူးယူမျှဝေပေးလိုက်ပါသည်။

December 11, 2008

Youtube က Video ကို ဒေါင်းကြမယ်


Youtube က Video ကို ဒေါင်းကြမယ်

Youtube က Music တွေ Video တွေကို ဒေါင်းချင်ပါသလား? လွယ်လွယ်လေး ဒေါင်းလို့ရပါတယ်...
ပထမဦးဆုံး ကိုယ်ဒေါင်းချင်တဲ့ Video ကိုဖွင့်လိုက်ပါ၊
ဥပမာ...
http://www.youtube.com/watch?v=y0D49PS69Ug&feature=dir
ဆိုပါစို့၊ url က youtube ဆိုတဲ့နေရာမှာ voobys ဆိုပြီးပြောင်းရိုက်လိုက်ပါ။
http://www.voobys.com/watch?v=y0D49PS69Ug&feature=dir
ပြီးသွားရင် အောက်ကပုံအတိုင်းမြင်ရပါမယ်...
ဒီပုံပေါ်လာရင်ဒေါင်းလိုက်ရုံပဲရှိတော့တယ်... ဒေါင်းတဲ့အချိန်မှာ get_video ဆိုပြီးသူ့ပါသာသူနာမည်ပေးပါလိမ့်မယ်... ကိုယ်ကြိုက်တဲ့ File name ပေးလို့ရပါတယ်... File ကတော့ flv ဖိုင်ဖြစ်နေမှာပါ... တခြား file format ပြောင်းချင်ရင်တော့ converter တွေသုံးရမှာဖြစ်တယ်... flv player မရှိရင် ဒီနေရာမှာ ဒေါင်းကြည့်လိုက်ပါ... youtube download အဆင်ပြေအောင်လုပ်ပေးတဲ့ voobys ဆိုဒ်ကိုလည်းအထူးကျေးဇူးတင်ပါတယ်....

အဆင်ပြေနိုင်ကြပါစေ :P


December 2, 2008

VGA ကနေ USB Power ရယူနိုင်အောင်

VGA ကနေ USB Power ရယူနိုင်အောင်

နိဒါန်း - VGA ကနေ USB Power
အဆင့် ၁း လိုအပ်သောပစ္စည်းများ
အဆင့် ၂း ဆက်သွယ်မှု
အဆင့် ၃း ကော်လောင်းခြင်း
အဆင့် ၄း ပတ်တီးထပ်လောင်းခြင်း
အဆင့် ၅း ပတ်တီးကို ဆေးသုတ်ခြင်း
အဆင့် ၆း ပုံစံတစ်မျိုအမြင်
အဆင့် ၇း ဆက်သွယ်ခြင်း ၁
အဆင့် ၈း ဆက်သွယ်ခြင်း ၂
အဆင့် ၉း အနီးကပ်အမြင်
အဆင့် ၁၀း စမ်းသပ်ခြင်း
အဆင့် ၁၁း ဒီဗီဒီ


နိဒါန်း - VGA ကနေ USB Power

ဒီလုပ်နည်းကတော့ NoteBooks မှာစမ်းသပ်လို့ရတာတဲ့အဖြေဖြစ်ပါတယ်။

အကယ်၍ သင့်ရဲ့ NoteBook မှာ USB သုံးခု ဒါမှမဟုတ် ဒီ့ထက်နည်းနေခဲ့ရင် တစ်ခြား external Mouse, Keyborad နဲ့ သင့်ရဲ့ MP3, MP4, Cellphone, ပါဝါလိုအပ်တဲ့ USB hub ဒါမှမဟုတ် external DVD Burner တွေနဲ့ သင်လိုအပ်တဲ့ Devices တွေကို အသုံးပြုနိုင်ပါတယ်။ ပုံစံကတော့ အောက်ကပုံအတိုင်းလေး လိုက်လုပ်လိုက်ရုံပါပဲ။ ပုံ - ၁



အဆင့် (၁) ။ ။ လိုအပ်သောပစ္စည်းများ
USB extension cable လုပ်ရန် VGA male ခေါင်းတစ်ခုလိုအပ်ပါမယ်။ ( ကွန်ပြုတာအဟောင်းဆိုင်တွေနဲ့၊ ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေမှာ ဈေးပေါပေါနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်)။ ပုံ - ၂


အဆင့် (၂) ။ ။ ဆက်သွယ်မှု
ကျွန်တော်တို့လုပ်ရမှာက အနီရောင် 5V ကို Pin 9 အဖိုကိုချိန်းပေးပါ။ အနက်ရောင်ကြိုးကို Pin 10 (GND) ကိုချိတ်ဆက်လိုက်ပါ။ ပုံ -၃

မှတ်ချက်။ ။ USB ခေါင်းကိုတော့ USB ကြိုးအပျက်တွေနဲ့ USB hub တွေကနေ ဖြတ်ပြီးသုံးနိုင်သည်၊ ခေါင်းအလွတ်ရောင်းတဲ့ဆိုင်တော့ ရှိမရှိမသိကြောင်းပါ။


အဆင့် (၃) ။ ။ ကော်လောင်းခြင်း
ချိတ်ဆက်ပြီးသွားရင် အောက်ပါပုံအတိုင်း ကော်လောင်းထည့်လိုက်ပါ။ ပုံ -၎


အဆင့် (၄)။ ။ ပတ်တီးထပ်လောင်းခြင်း
အောက်ပါပုံအတိုင်း ဆက်လက်ပြီး ပတ်တီးထပ်လောင်းပေးလိုက်ပါ။ ပုံ -၅


အဆင့် (၅) ။ ။ ပတ်တီးကို ဆေးသုတ်ခြင်း
မြင်တဲ့အတိုင်းပဲဗျာ... ကြည့်လို့ကောင်းအောင် ကိုယ်ကြိုက်တဲ့အရောင်လေးသုတ်လိုက်ပေါ့။ ကိုယ်ကတော့ အနက်ရောင်ကြိုက်တယ်ခင်ဗျ။ ပုံ - ၆


အဆင့် (၆) ။ ။ ပုံစံတစ်မျိုအမြင်
ကျွန်တော်တို့လုပ်လို့ပြီးသွားတဲ့ပုံလေးကို ကြည့်ကြရအောင်။ ပုံ - ၇


အဆင့် (၇) ။ ။ ဆက်သွယ်ခြင်း ၁
ဟောဒီလိုလေး NoteBook ထဲကိုချတ်ဆက်ကြည့်လိုက်ပါ။ ပုံ -၈


အဆင့် (၈) ။ ။ ဆက်သွယ်ခြင်း ၂
နောက်တစ်မျိုးအမြင်လေးပါ။ ပုံ -၉



အဆင့် (၉) ။ ။ အနီးကပ်အမြင်
ကဲအနီးကပ်လေး ကြည့်ရအောင်။ ပုံ - ၁၀


အဆင့် (၁၀) ။ ။ စမ်းသပ်ခြင်း
ဒီမှာကတော့လက်တွေ့စမ်းသပ်ခြင်းပုံပါပဲ။ (ကင်မရာနည်းနည်း အားကောင်းလွန်းလို့ Pen Drive ကမီးအစီမ်းရောင်လေးကို တော်တော်လေးမြင်အောင်သာကြည့်ကြပေတော့) ပုံ - ၁၁


အဆင့် (၁၁) ။ ။ ဒီဗီဒီ
ဟောဒီမှာကတော့ ပါဝါလိုအပ်တဲ့ external DVD burner နဲ့တွဲဖက်သုံးထားလိုက်တယ်။ ပုံ - ၁၁

ဒီလောက်ပါပဲ။
ဒီအချက်အလက်လေးတွေက အကြိုးပြုနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။