September 29, 2009

Point Internet ဆိုင်သစ်ဖွင့်လှစ်ခြင်း


အမှတ်တရ ဖြစ်စရာ ဓါတ်ပုံများနှင့် AI ၏ ဒုတိယ ခြေလှမ်း
5.9.09 (စနေနေ့) နံနက် 9း45 မိနစ် အချိန်တွင် ဘုရားအမှုးရှိသော သံဃာတော်အရှင်မြတ် တို့အား ပင့်ဖိတ်လှူဒါန်းပူဇော်ခြင်းအခမ်းအနား နှင့် ရေစက်ချခြင်းမင်္ဂလာကို ကိုညီညီနိုင်နှင့်ဇနီး မိသားစုနှင့်တကွ AI မိသားစု ၀င်များမှ တက်ရောက်အားပေးခဲ့ကြပါသည်။
ဆိုင်သစ်ဖွင့်လှစ်ရာတွင် တက်ရောက်ခဲ့ကြသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် တကွ သူငယ်ချင်း များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း..........
POINT Internet မိသားစု


(အမှတ်တရ ဆိုင်ဖွင့်ပွဲ ဓါတ်ပုံတွေကိုတော့ဒီမှာဆက်လက်ဝေေ၀ဆာဆာ ကြည့်ရူနိုင်ရန် တင်ပြပေးပါတယ်ခင်ဗျာ) .................

ကျွန်တော်တို့ရဲ့ အဖွဲ့ဝင် ဒေးဗစ် တစ်ယောက်ကိုအရမ်းသတိရတယ်ဗျာ... သူကအဝေးရောက်နေလေရဲ့(သူကဒီ post ပိုင်ရှင်ပါ)....

March 19, 2009

အင်တာနက်ဆိုင်တွေမှာ သတိပြုသင့်စရာ

အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့ အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှအားလုံး မှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။
ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။

Web: တစ်ခုမှ ကူးယူမျှဝေပေးလိုက်ပါသည်။

January 24, 2009

How to Choose an MP3 Player

The sale of Mp3 players is one of the fastest growing areas of consumer electronics. Whilst the apple iPod is synonymous with MP3 players there are many alternatives that should be considered when you are looking to buy. Do you know what you to look for when buying an MP3 Player?

Steps
  1. Consider the amount of storage available. At the lower end of the market a 512mb to 1Gb player will generally hold up to 200 songs. If you have a large music collection then you should look for devices that offer at least 20 GB's of storage. In general every 10 GB's will hold around 2,900 MP3 files
  2. Think about portability; if you have an active lifestyle then you will need a player that is small and compact. If you intend to use your player whilst jogging or whilst training in the Gym then a flash based system will be a better choice as they contain no moving parts and therefore won't skip.
  3. Decide on the type of interface you want. Will the interface be easy to access and use on the move or will it require 100% of your attention to choose your songs? This is one area that is often overlooked and is one of the major areas of dissatisfaction among users.
  4. Examine how the device is powered. Many MP3 players come with built in rechargeable batteries, whilst these are very convenient and can last for a long time, if you are not able to recharge them or don't have access to a computer with a usb port you then you will need to wait to charge the player up.

Tips
  • The best deals for MP3 players are available online but before you buy make sure you know what you need. The right MP3 player is an excellent buy and will remain in use for many years; the wrong one will soon be consigned to the bottom drawer.
  • Just because everyone has a IPod, doesn't make them the best. iRiver MP3 players for example, are cheaper than iPods and have more storage space for roughly the same price. Think about things like that.
  • Ask your friends for advice, and listen to music on other people's MP3's, because often gives you an idea for sound quality.

January 10, 2009

USB Security အတွက်

နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လွယ်ကူစွာသယ်ယူဆောင်နိုင်ပြီး၊ မိမိလိုရာဒေတာများကို သိမ်းဆည်းထားနိုင်သော usb memory stick (Pen Drive) များသည် ယနေ့တွင် လူတိုင်းလိုလို ဘောပင်တစ်ချောင်းလိုပင် အသုံးပြုများလာပါသည်။ ဤသို့အသုံးပြုများသော Pen Drive များတွင် လက်ရှိမြန်မာပြည်တွင် Virus ကပ်ပါလာမှုအများဆုံးဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း လုံခြုံမှုအပြည့်မရှိသော ကွန်ပြူတာများတွင် ထိုးသွင်းအသုံးပြုခြင်း၊ လုံခြုံမှုမရှိသောဝဘ်ဆိုဒ်များမှ download လုပ်ခြင်း ကြောင့်ဖြစ်ပါသည်။ Pen Drive များတွင် အများဆုံးကပ်ပါလာသော Virus များမှာ W32.SillyFDC, W32.SillyDc, W32.Gammima.AG, W32.Imaut, W32.Imaut.AS, W32.Fanbot.F, Backdoor.Bifrose, Backdoor.Trojan, Trojan Horse, VBS.Invadesys.A ဖြစ်သည်။ ၄င်း Virus များသည် မိမိကွန်ပြူတာအတွင်းရှိ ဖိုင်နာမည်များဖြင့် ၀င်ရောက်နေတတ်ပြီး၊ Pen Drive များတွင် Autorun.inf, killVBS.exe, Photo.exe, စသဖြင့် မိမိစက်အတွင်းသို့ဝင်ရောက်လာတတ်ပါသည်။ ဤကဲ့သို့သော Virus များကို တော်ရုံတန်ရုံ Antivirus program များက မဖမ်းဆီးနိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် မိမိအသုံးပြုထားသော Antivirus program များကို Daily Update မလုပ်နိုင်လျှင် အနည်းဆုံး Weekly update တော့လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ လုပ်ထားယုံနှင့် လုံခြုံမှုအပြည့်အ၀ရရှိနိုင်မည်တော့ မဟုတ်ပါ။

Virus ဖမ်းဆီးနေပုံကျွန်တော်တို့ အသုံးပြုထားသော Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ USB Disk Security ဆိုတဲ့ software ဖြစ်ပါတယ်။ လုံခြုံမှု ၁၀၀% ပေးနိုင်မယ်လို့တော့ မဆိုနိုင်ပါသော်လည်း MP3/4, Digital Camera, Memory Stick, Pen Drive နှင့် usb devices များမှ ကူးစက်တတ်သော Virus တွေတော်တော်များများကို ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ ယခု USB Disk Security ကို တစ်ခုတည်းအသုံးမပြုပဲ၊ Anitivirus Software တစ်ခုခုနဲ့တွဲဖက်အသုံးပြုမှ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Symantec AntiVirus Corporate Edition V10.0.2.2000 Client နဲ့တွဲဖက်ပြီးအသုံးပြုရာမှာ တွေ့သမျှ Virus များကို ဖမ်းဆီးသုတ်သင်နိုင်မှုကို သဘောကျနှစ်ခြိုက်ပြီး ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ Norton Antivirus Defination ကို နေ့တိုင်းမဖြစ်နိုင်ရင် တစ်ပတ် တစ်ကြိမ် update လုပ်ပေးဖို့လိုပါလိမ့်မယ်။ သို့မှာသာ အသစ်သစ်သော Virus များကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ usb devices များမိမိစက်အတွင်းသို့ plug-in လုပ်ချိန်တွင် ၄င်း Software တက်လာမှာဖြစ်ပါတယ်၊ အကယ်၍ မိမိ devices တွင် Virus များပါလာပါက အထက်ပါပုံအတိုင်း (ဥပမာ နှစ်ကောင်ရှိနေလျှင်) 2Threats Found ဆိုပြီး Threat အောက်မှာ ဖမ်းထားထား Virus နှင့် State အောက်မှာ Risky ပြမှာဖြစ်ပါတယ်။ တစ်ချို့ program များ virus မဟုတ်သော်လည်း သံသယရှိပါက Species ပြလာပါလိမ့်မယ်၊ မိမိယုံကြည်စိတ်ချသော Program ဖြစ်နေပါက ချန်ထားလိုက်ပြီး၊ စိတ်မချလျှင် Delete All သာလုပ်လိုက်ပါ။ ၄င်း Virus များကို Quarantine ထဲမှာရောက်နေမှာပါ၊ မှားဖျတ်မိလျှင် Restore ပြန်လုပ်နိုင်ပါတယ်။ သေချာရင်တော့ အပင်ပန်းမခံနဲ့ Empty သာလုပ်ပစ်လိုက်ပါ။ အကယ်၍ Threat နေရာမှာ ပေါ်နေပြီး State မှာ Delete Failed ပြနေလျှင် စိတ်ပူစရာမလိုပါ၊ နောက်တစ်ကြိမ်ထပ်ကြိုးစားပြီး Delete လုပ်ကြည့်ပါ။ မရလျှင်လဲ Virus Sign ပေါ်နေပြီဖြစ်သည့်အတွက် Antivirus program များက "ရုံးကိုလိုက်ခဲ့ပါ ရုံးရောက်မှပြော" လုပ်မှာပါ၊ စိတ်မပူနဲ့ ပြီးမှ ဘာလုပ်ချင်သလဲဆိုတာ Antirus program ကဆုံးဖြတ်ခိုင်းပါလိမ့်မယ်။ အတော်ကိုဆိုးဝါးတဲ့ အကောင်ဆိုရင် Antivirus program က အလိုအလျှောက် ဖျတ်ပစ်သွားမှာပါ။

သဘောကျတယ်ဆိုရင် အောက်ပါအတိုင်း Download လုပ်နိုင်ပါတယ်။ မြန်မာပြည်မှာကတော့ သိတဲ့အတိုင်း Crack version နဲ့မှ အဆင်ပြေမှာမို့ Crack ဖိုင်ကိုပါ ထည့်ပေးထားပါတယ်။

Download လုပ်ရာတွင် အခက်အခဲရှိပါက email ဖြင့်လည်းကောင်း၊ Comment ဖြင့်လည်းကောင်း ရေးသားပေးပို့နိုင်ပါသည်။


January 8, 2009

Basic Windwos and Microsoft Word


Basic Windows
and
Microsoft Word


Download Hereကွန်ပြူတာ စတင်လေ့လာသင်ယူနေသူများ (ဥပမာ DTD Course၊ ကွန်ပြူတာစာစီစာရိုက်) အတွက် သိသင့်၊ ဖတ်သင့်သော စာအုပ်ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ဘာသာစကားအခက်အခဲရှိနေသူများ အတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ Download လုပ်ရာတွင် အခက်အခဲရှိပါက email ဖြင့်လည်းကောင်း၊ Comment ဖြင့်လည်းကောင်း ရေးသားပေးပို့နိုင်ပါသည်။

January 7, 2009

Basic Computer Hardware

Computer ပြုပြင်ထိန်းသိမ်းခြင်းနှင့်
စနစ်စီမံခန့်ခွဲခြင်း
Written by Major Toe Aung


Download Hereကွန်ပြူတာ စတင်လေ့လာနေသူများအတွက် ဖတ်သင့်သည့်စားအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။