December 30, 2008

MP3/4 သတိပြုသင့်သည့်အချက်များ

Mp3/4 သုံးသည့် Users များအနေနဲ့ မိမိ Mp3/4 ကို ရေရည်အသုံးပြုနိုင်ရန်...
  1. Mp3/4 များအားသွင်းသည့်အခါ Auto Cutout ပြုလုပ်ပေးသော Adapter များကိုသာ ရွေးချယ်အသုံးပြုသင့်သည်။ သို့မှသာ Battery တာရှည်အသုံးခံမည် ဖြစ်သည်။ JXD, Sony Mp4 တို့တွင် Charger မီးအနီ ပိတ်သွားလျှင် အားပြည့်ပြီဖြစ်ကြောင်းသိနိုင်ပါသည်။ Mp3/4 စက်များကို ဆက်တိုက် (၂)နာရီ အထက်အသုံးမပြုသင့်ပေ၊ ဆက်တိုက်အသုံးပြုခြင်းကြောင့် အပူရှိန်မြင့်မားလာပြီး စက်အတွင်းမှ အလုပ်လုပ်ရသော IC, FED နှင့် Memory Chip များ ပျက်စီးတတ်သည်။
  2. Mp3/4 များ LCD Cover မှန်ကွဲအက်ခြင်း၊ LCD ကွဲခြင်း၊ ရေ၀င်နေခြင်း၊ ခလုတ်များ ကျွံဝင်နေခြင်း၊ အလိုအလျှောက်သီးချင်းများကျော်သွားခြင်း၊ Battery ခဏသာအသုံးခံခြင်း၊ Virus များရှိနေခြင်း တို့ဖြစ်လာလျှင် ဆက်လက်အသုံးမပြုဘဲ ပြုပြင်သင့်ပါသည်။
  3. Mp3/4 ၏ ခလုတ်များကို Game ဆော့လျှင် ကြမ်းတမ်းစွာ ကိုင်တွယ်အသုံးမပြုသင့်ပေ၊ ခလုတ်များသည် အလွန်သေးငယ်သဖြင့် ထိခိုက်ပျက်စီးလွယ်သောကြောင့်ဖြစ်သည်။ ( ခလုတ်များကို အားသုံး၍ မဖိသင့်ပေ)
  4. Virus ရှိသော Mp3/4 များအနေဖြင့် Loading ပြုလုပ်ချိန်နှေးကွေးခြင်း၊ Memory တွင် ထည့်သွင်းထားသော Data များပျောက်ဆုံးခြင်း၊ နောက်ဆုံး Firmware ကိုပါ ပျက်စီးစေတတ်သောကြောင့် Virus ကင်းစင်အောင် ထားရှိအသုံးပြုသင့်သည်။
  5. Mp3/4 အတွင်း တည်ဆောက်ထားသော Circuit သည်အလွန်သေးငယ်သဖြင့် လွတ်မကျပါစေနဲ့။
  6. Mp3/4 များတွင်ပါဝင်သော Build in Memory ကို အကုန်မသုံးပါနဲ့၊ ဥပမာ... 1GB ရှိသော စက်တစ်လုံးတွင် အနည်းဆုံး 10MB လောက်ချန်ထားသင့်သည်။ သို့မှသာ Mp3/4 စက်အလုပ်လုပ်ရန် အတွက် Memory ရှိမည်ဖြစ်သည်။
  7. အကယ်၍ ပစ္စည်းအကောင်းများအသုံးပြုလိုလျှင် Brand အစစ်များကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့် ပါသည်။ ဥပမာ... Apple မှထုတ်လုပ်သော iPod Touch, iPod Classic, IPod nano, IPod shuffleCreative မှထုတ်လုပ်သော ZEN X-Fi, ZEN, ZEN Mozaic, ZEN V, ZEN V Plus, ZEN Stone, ZEN Stone Plus, MuVo T200, MuVo T100MSI မှထုတ်လုပ်သော P350, P330, P560, P580, PF560, R300Sony မှထုတ်လုပ်သော

    NWZ-S739F/B

    • » 16 GB capacity
    • » Built-in Noise Cancelling System with Clear Audio Technologies
    • » SensMe™ Channels (Automatic playlist creation)

    NWZ-S738F/N

    • » 8 GB capacity
    • » Built-in Noise Cancelling System with Clear Audio Technologies
    • » SensMe™ Channels (Automatic playlist creation)

    NWZ-S736F/B

    • » 4 GB capacity
    • » Built-in Noise Cancelling System with Clear Audio Technologies
    • » SensMe™ Channels (Automatic playlist creation)

    NWZ-E438F/R

    • » 8 GB capacity
    • » Up to 45 hours of music and 8 hours of video battery stamina
    • » 2.0 Inch QVGA High Brightness Color LCD

    NWZ-E436F/P

    • » 4 GB capacity
    • » Up to 45 hours of music and 8 hours of video battery stamina
    • » 2.0 Inch QVGA High Brightness Color LCD

    NWZ-E435F/B

    • » 2 GB capacity
    • » Up to 45 hours of music and 8 hours of video battery stamina
    • » 2.0 Inch QVGA High Brightness Color LCD

    NWZ-A829/B

    • » Built-in Bluetooth (AVRCP1.3 A2DP)
    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)

    NWZ-A828/P

    • » Built-in Bluetooth (AVRCP1.3 A2DP)
    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)

    NWZ-A826K/B

    • » Built-in Bluetooth (AVRCP1.3 A2DP)
    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)

    NWZ-A826/B

    • » Built-in Bluetooth (AVRCP1.3 A2DP)
    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)

    NWZ-A729/B

    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)
    • » 2.4 Inch QVGA High Brightness Color LCD

    NWZ-A728/W

    • » Slim Size and Light Weight
    • » High Quality Video Playback (AVC(H.264/AVC)/MPEG-4)
    • » 2.4 Inch QVGA High Brightness Color LCD

NWZ-B135F/L

  • » 2 GB capacity
  • » Stamina with Quick Charge Technology (3 min charge, 90 min playback)
  • » Super Bass Enhancement with a push of the bass button

NWZ-B133F/R

  • » 1 GB capacity
  • » Stamina with Quick Charge Technology (3 min charge, 90 min playback)
  • » Super Bass Enhancement with a push of the bass button

NWD-E025F/P

  • » 2 GB capacity that gives up to 1, 350 tracks (bit rage 48kbps)
  • » Up to 28 hours of music battery stamina
  • » Bright and clear 3-line LCD Colour Screen Display for easy navigation and to see CD cover art
(လက်လှမ်းမှီသလောက် ဖော်ပြခြင်းဖြစ်ပါသည်၊) များကိုရွေးချယ်သင့်ကြောင်း အကြံပြုလိုက်ပါသည်။

MP-3/4 များသည် Memory chip နှင့် Firmware ပေါ်တွင်အခြေခံ တည်ဆောက်ထားသောကြောင့် ညင်သာစွာကိုင်တွယ် အသုံးပြုသင့်သည်။ မိမိဝယ်ယူထားသည့် MP-4 ၏ခလုပ်များအသုံးပြုပုံ Function များကိုသေချာစွာသိထားသင့်သည်။ မိမိ MP-4 ၏ Firmware version ကိုမှတ်သား ထားသင့်သည်။

Camera မပါရှိသည့် MP-4 အမျိုးအစားမျိုးစုံ ရှိသော်လည်းခလုပ် function အများစုမှာ တူညီကြသည်။ မိမိ MP-4 ၏ Firmware ကိုကြည့်မည်ဆိုလျှင် Setup – Firmware version ကို Mode နှိပ်၍ကြည့်နိုင်သည်။

Firmware Version ၏ပုံစံ

2006/05/17
9.1.52
2007/01/12
7515-SDK

အထက်ပါ Information ကို User ကိုယ်တိုင်မှတ်သားထားသင့်သည်။ Camera ပါသော JXD နှင့် Sony တို့တွင်ထိုနည်းတူ ကြည့်နိုင်ပါသည်။ မိမိ MP-4 Firmware ပျက်စီးသွားလျှင် မိမိမှ မှတ်သားထားသော Firmware ရှိသောအခါ Firmware ပြန်ရေးသောအခါအလွန်အသုံးဝင်ပါသည်။ ပြုပြင်လျှင်လည်း 70% ကောင်းနိုင်ပါသည်။

December 22, 2008

Computer, Internet and Networks Securitys System


INFORMATION RESOURCE GUIDE
Computer, Internet and Network Systems Security



Compiled By:
S.K.PARMAR, Cst
N.Cowichan Duncan RCMP Det
6060 Canada Ave., Duncan, BC
250-748-5522
sunny@seaside.net

December 20, 2008

အသံနှင့်ရှာဖွေနိုင်သော Yahoo ရဲ့ One Search 2.0 application လာပြီ

Yahoo ဟာ ၎င်းရဲ့ပထမဆုံးသော voice-responsive search ဖြစ်တဲ့ one search 2.0 application ကို BlackBerry ဖုန်းတွေ အတွက်ရော၊ Nokia Series 60 ဖုန်းတွေ၊ Series 40 ဖုန်းတွေအတွက် download လုပ်လို့ရအောင် တင်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီ application ရဲ့ယခင်က version အဟောင်း ကိုသာ ရထားသူတွေကတော့ update လုပ်ဖို့အတွက် ပြန်လည် download လုပ်ရမှာပါ။ ဒီ onesearch service ဟာ Yahoo ရဲ့ database အဖြေတွေကို ခလုတ်နှိပ်ပြီး အသံထွက်လိုက်ရုံနဲ့ ရှာဖွေပေးမှာဖြစ်ပါတယ်။ စမ်းသပ်ချက်တွေအရတော့ ဒီ voice-recognition နည်းပညာဟာ search လုပ်ရာမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး၊ တချို့အသံထွက်တွေကို တုံ့ပြန်ရာမှာ Speech recognition software ဟာကောင်း ကောင်းအလုပ်မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီနည်းပညာ တိုးတက်လာတာနဲ့အမျှ voice search လုပ်တာဟာ ခလုတ်နှိပ် typing လုပ်ရတဲ့အချိန်တွေကို သက်သာစေမှာဖြစ်ပါတယ်။ အခု အခါ One Search 2.0 ကို Nokia 60 ဖုန်းတွေနဲ့ဆိုရင် m.yahoo.com/ shortcut ကနေ ဖုန်းသို့မဟုတ် PC တွေနဲ့ရှာနိုင်ပါ တယ်။ Yahoo Go 3.0 ရဲ့ new version ကိုတော့ get.go.yahoo.com BlackBerry models ကနဲ့ Nokia မော်ဒယ်လ်တချို့အတွက် PC သို့မဟုတ် ဖုန်းတွေရဲ့ native browser ကနေ ရှာတွေ့နိုင်ပါတယ်။

ဝက်ဘ်ဆိုက်များအသုံးပြုရာတွင်


ဝက်ဘ်ဆိုက်များအသုံးပြုရာတွင်အီးမေးလ်နှင့် Password တောင်းပါက ၎င်းဝက်ဘ်ဆိုက်သို့ဝင်ရောက်အသုံးမပြုသင့်


အင်တာနက်အသုံးပြုသော သူများအနေဖြင့် ပြည်တွင်းဝက် ဘ်ဆိုက်များနှင့် နိုင်ငံတကာဝက်ဘ် ဆိုက်များတွင်မှတ်ပုံတင် (Register) ပြုလုပ်သောအခါများတွင်မိမိ အသုံးပြုသောအီးမေးလ်နှင့် Password အား အသုံးပြုခိုင်းပါက ၎င်းဝက်ဘ်ဆိုက်သို့ဝင်ရောက်အသုံးမ ပြု သင့်ကြောင်းသိရသည်။

"၀က်ဘ်ဆိုက်တချို့ကိုဝင်ရောက် လည်ပတ်တဲ့သူတွေအနေနဲ့ အချက်အလက်အချို့ကို သတိထားဖို့ လိုပါတယ်။ ၀က်ဘ်ဆိုက်ကိုဝင် ရောက်တဲ့သူတွေမှာ သူတို့ရဲ့ဦး တည်ချက်တွေနဲ့ သူတို့ရှိကြတယ်။ တချို့ကလည်း Download ဆွဲချ တာတို့ upload လုပ်ချင်တာတို့စသဖြင့်အမျိုးမျိုးရှိတယ်။ အကြောင်း အမျိုးမျိုးတွေကြောင့်ဝက် ဘ်ဆိုက်ကိုဝင်ရောက်တဲ့အခါမှာ တချို့ဝက်ဘ်ဆိုက်တွေက ၀က်ဘ်ဆိုက်မှာ Register လုပ်ခိုင်းတာ မျိုးတွေရှိသလို၊ တချို့ဟာတွေ မလုပ်ခိုင်းပါဘူး။ ၀က်ဘ်ဆိုက်မှာ Registerလုပ်ခိုင်းခိုင်း၊ မလုပ်ခိုင်းခိုင်း အဓိကက ၀င်ရောက်အသုံး ပြုတဲ့ user တွေပေါ်မှာဘဲမူတည် တယ်။ ကိုယ်က၀က်ဘ်ဆိုက်မှာ Register လုပ်တော့မယ်ဆိုတဲ့အ ခါမှာသူက email address ဘဲတောင်းရင်ပြဿနာမရှိ ပါဘူး။ email မှာသုံးတဲ့ password ပါ တောင်းလာပြီဆိုရင်တော့ ဖြစ်နိုင်ရင် အဲဒီဆိုက်ကိုမ၀င်တာ အကောင်းဆုံးပါဘဲ" ဟုပညာရှင်တစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောသည်။ "၀က်ဘ်ဆိုက်တော်တော်များများမှာကတော့ သူ့ဝက်ဘ်ဆိုက်မှာ Register လုပ်ထားတာကို Activation လုပ်ဖို့အတွက်အီးမေးလ် address တောင်းတာမျိုးလောက်ဘဲ ရှိပါတယ်။ ဒီလိုမှမဟုတ်လို့ဝက်ဘ် ဆိုက်တွေက e-mail address နဲ့ password တောင်းလာရင်တော့ အကောင်းဆုံးနည်းလမ်းပြောရရင် မ၀င်တာအကောင်းဆုံးပါဘဲ။ တချို့ သော hack လုပ်တတ်တဲ့ဝက်ဘ် ဆိုက်တွေကကိုယ့်ရဲ့ Mail address နဲ့လိပ်စာကိုရသွားတဲ့အခါ မျိုးမှာကိုယ့် e-mail ရဲ့ Password ပြောင်းလိုက်တာမျိုးတွေလုပ်တတ် ပါတယ်။ အဲဒီအခါကိုယ့်ရဲ့ e-mail ဖွင့်လို့မရတာမျိုးတွေ ဖြစ်လာ တတ်ပါတယ်"ဟု ၎င်းမှထပ်မံပြော ကြားခဲ့သည်။

SOURCE :www.myanmarinternetjournal.com

December 19, 2008

Computer Basics


Computer Basics
Student Edition



Customizable Print On mizable On-Demand Courseware
1502 Nicollet Avenue, Suite 1, Minneapolis, MN 55403, USA
Tel. (888) 903-2432 www.customguide.com

December 11, 2008

IP Addressing Fundamentals

IP Addressing Fundamentals



IP Addressing Fundamentals

By Mark A. Sportack
...............................................
Publisher: Cisco Press
Pub Date: October 31, 2002
ISBN: 1-58705-067-6
Pages: 368

Youtube က Video ကို ဒေါင်းကြမယ်


Youtube က Video ကို ဒေါင်းကြမယ်

Youtube က Music တွေ Video တွေကို ဒေါင်းချင်ပါသလား? လွယ်လွယ်လေး ဒေါင်းလို့ရပါတယ်...
ပထမဦးဆုံး ကိုယ်ဒေါင်းချင်တဲ့ Video ကိုဖွင့်လိုက်ပါ၊
ဥပမာ...
http://www.youtube.com/watch?v=y0D49PS69Ug&feature=dir
ဆိုပါစို့၊ url က youtube ဆိုတဲ့နေရာမှာ voobys ဆိုပြီးပြောင်းရိုက်လိုက်ပါ။
http://www.voobys.com/watch?v=y0D49PS69Ug&feature=dir
ပြီးသွားရင် အောက်ကပုံအတိုင်းမြင်ရပါမယ်...
ဒီပုံပေါ်လာရင်ဒေါင်းလိုက်ရုံပဲရှိတော့တယ်... ဒေါင်းတဲ့အချိန်မှာ get_video ဆိုပြီးသူ့ပါသာသူနာမည်ပေးပါလိမ့်မယ်... ကိုယ်ကြိုက်တဲ့ File name ပေးလို့ရပါတယ်... File ကတော့ flv ဖိုင်ဖြစ်နေမှာပါ... တခြား file format ပြောင်းချင်ရင်တော့ converter တွေသုံးရမှာဖြစ်တယ်... flv player မရှိရင် ဒီနေရာမှာ ဒေါင်းကြည့်လိုက်ပါ... youtube download အဆင်ပြေအောင်လုပ်ပေးတဲ့ voobys ဆိုဒ်ကိုလည်းအထူးကျေးဇူးတင်ပါတယ်....

အဆင်ပြေနိုင်ကြပါစေ :P


December 10, 2008

မင်္ဂလာ နှစ်ပတ်လည်


(၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်


ကိုစိုးလွင်ဦး
+
မစိုးစိုးမော်

ကျွန်တော်တို့ရဲ့ ဆရာ/မိဘ ဖြစ်သော ကိုစိုးလွင်ဦးနှင့် မစိုးစိုးမော်တို့၏ ၉ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၈ခုနှစ် တွင်ကျရောက်သော (၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်း တစ်ရာကျော်တိုင် အဒွန့်ရှည်၍ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာစွာ ပျော်ရွင်ချမ်းမြေ့ ပါစေကြောင်း AI Engineering Group မှ ဆုတောင်းမေတ္ကာပို့ ပါသည်။

December 8, 2008

"ကျေနပ်တယ်၊ ပြည့်စုံတယ်"


"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင် မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကိုအလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

"ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်" လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ "ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

  • မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ "ဘဝ" အား နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။

December 2, 2008

VGA ကနေ USB Power ရယူနိုင်အောင်

VGA ကနေ USB Power ရယူနိုင်အောင်

နိဒါန်း - VGA ကနေ USB Power
အဆင့် ၁း လိုအပ်သောပစ္စည်းများ
အဆင့် ၂း ဆက်သွယ်မှု
အဆင့် ၃း ကော်လောင်းခြင်း
အဆင့် ၄း ပတ်တီးထပ်လောင်းခြင်း
အဆင့် ၅း ပတ်တီးကို ဆေးသုတ်ခြင်း
အဆင့် ၆း ပုံစံတစ်မျိုအမြင်
အဆင့် ၇း ဆက်သွယ်ခြင်း ၁
အဆင့် ၈း ဆက်သွယ်ခြင်း ၂
အဆင့် ၉း အနီးကပ်အမြင်
အဆင့် ၁၀း စမ်းသပ်ခြင်း
အဆင့် ၁၁း ဒီဗီဒီ


နိဒါန်း - VGA ကနေ USB Power

ဒီလုပ်နည်းကတော့ NoteBooks မှာစမ်းသပ်လို့ရတာတဲ့အဖြေဖြစ်ပါတယ်။

အကယ်၍ သင့်ရဲ့ NoteBook မှာ USB သုံးခု ဒါမှမဟုတ် ဒီ့ထက်နည်းနေခဲ့ရင် တစ်ခြား external Mouse, Keyborad နဲ့ သင့်ရဲ့ MP3, MP4, Cellphone, ပါဝါလိုအပ်တဲ့ USB hub ဒါမှမဟုတ် external DVD Burner တွေနဲ့ သင်လိုအပ်တဲ့ Devices တွေကို အသုံးပြုနိုင်ပါတယ်။ ပုံစံကတော့ အောက်ကပုံအတိုင်းလေး လိုက်လုပ်လိုက်ရုံပါပဲ။ ပုံ - ၁



အဆင့် (၁) ။ ။ လိုအပ်သောပစ္စည်းများ
USB extension cable လုပ်ရန် VGA male ခေါင်းတစ်ခုလိုအပ်ပါမယ်။ ( ကွန်ပြုတာအဟောင်းဆိုင်တွေနဲ့၊ ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေမှာ ဈေးပေါပေါနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်)။ ပုံ - ၂


အဆင့် (၂) ။ ။ ဆက်သွယ်မှု
ကျွန်တော်တို့လုပ်ရမှာက အနီရောင် 5V ကို Pin 9 အဖိုကိုချိန်းပေးပါ။ အနက်ရောင်ကြိုးကို Pin 10 (GND) ကိုချိတ်ဆက်လိုက်ပါ။ ပုံ -၃

မှတ်ချက်။ ။ USB ခေါင်းကိုတော့ USB ကြိုးအပျက်တွေနဲ့ USB hub တွေကနေ ဖြတ်ပြီးသုံးနိုင်သည်၊ ခေါင်းအလွတ်ရောင်းတဲ့ဆိုင်တော့ ရှိမရှိမသိကြောင်းပါ။


အဆင့် (၃) ။ ။ ကော်လောင်းခြင်း
ချိတ်ဆက်ပြီးသွားရင် အောက်ပါပုံအတိုင်း ကော်လောင်းထည့်လိုက်ပါ။ ပုံ -၎


အဆင့် (၄)။ ။ ပတ်တီးထပ်လောင်းခြင်း
အောက်ပါပုံအတိုင်း ဆက်လက်ပြီး ပတ်တီးထပ်လောင်းပေးလိုက်ပါ။ ပုံ -၅


အဆင့် (၅) ။ ။ ပတ်တီးကို ဆေးသုတ်ခြင်း
မြင်တဲ့အတိုင်းပဲဗျာ... ကြည့်လို့ကောင်းအောင် ကိုယ်ကြိုက်တဲ့အရောင်လေးသုတ်လိုက်ပေါ့။ ကိုယ်ကတော့ အနက်ရောင်ကြိုက်တယ်ခင်ဗျ။ ပုံ - ၆


အဆင့် (၆) ။ ။ ပုံစံတစ်မျိုအမြင်
ကျွန်တော်တို့လုပ်လို့ပြီးသွားတဲ့ပုံလေးကို ကြည့်ကြရအောင်။ ပုံ - ၇


အဆင့် (၇) ။ ။ ဆက်သွယ်ခြင်း ၁
ဟောဒီလိုလေး NoteBook ထဲကိုချတ်ဆက်ကြည့်လိုက်ပါ။ ပုံ -၈


အဆင့် (၈) ။ ။ ဆက်သွယ်ခြင်း ၂
နောက်တစ်မျိုးအမြင်လေးပါ။ ပုံ -၉



အဆင့် (၉) ။ ။ အနီးကပ်အမြင်
ကဲအနီးကပ်လေး ကြည့်ရအောင်။ ပုံ - ၁၀


အဆင့် (၁၀) ။ ။ စမ်းသပ်ခြင်း
ဒီမှာကတော့လက်တွေ့စမ်းသပ်ခြင်းပုံပါပဲ။ (ကင်မရာနည်းနည်း အားကောင်းလွန်းလို့ Pen Drive ကမီးအစီမ်းရောင်လေးကို တော်တော်လေးမြင်အောင်သာကြည့်ကြပေတော့) ပုံ - ၁၁


အဆင့် (၁၁) ။ ။ ဒီဗီဒီ
ဟောဒီမှာကတော့ ပါဝါလိုအပ်တဲ့ external DVD burner နဲ့တွဲဖက်သုံးထားလိုက်တယ်။ ပုံ - ၁၁

ဒီလောက်ပါပဲ။
ဒီအချက်အလက်လေးတွေက အကြိုးပြုနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

December 1, 2008

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်လေးချက်

အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ စမ်းကြည့်တာ အောင်မြင်တယ်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06# ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

  • RANGOON-BURMAR GROUP မှတဆင့်ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။

November 21, 2008

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမှောင်တိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူး ဆိုပါ၏။
လောကဓံတရား တို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက် တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်။
ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အိုးဝေ ညိုမြ (တွဲဖက်ရေးသည်)

November 20, 2008

AI မိသားစုလူငယ်များ၏ အလှူတော်ကြီး

AI မိသားစု လူငယ်များ၏ အလှူတော်ကြီး

ဒီဓါတ်ပုံ ကတော့ ကျွန်တော်တို့လူငယ်အဖွဲ့ ရဲ့ ပထမဆုံး
အလှူခြေလှမ်းပါပဲ။
ဒီလိုခတ်ခဲလှတဲ့ နေရာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကို
ရှာဖွေပြီး လှူဒါန်းခဲ့ကြရပါတယ်။
ဒီနေရာကနေစပြီး လျှောက်လှမ်းဝင်ရပါမယ်။ ခက်ခဲတာကိုတော့မြင်တွေ့တဲ့ အတိုင်းပါပဲ။





ဒီပုံကတော့
ကျွန်တော်တို့
ရှာဖွေတွေ့ရှိထားတဲ့
ဘုန်းကြီးကျောင်းပါပဲ...



















အောင်ဓမ္မသုခကျောင်း
BM ပါတ်လမ်းနှင့် ကျန်စစ်သားလမ်းဒေါင့်
UE - ၁၊ တိုးချဲ့ရပ်ကွက်၊ အရှေ့ဒဂုံ။

ကျောင်းထိုင်ဆရာတော် ဦက္ကန္ဒက နှင့် ကိုယ်တော်သုံးပါး၊ ကိုယ်ရင်သုံးပါး သီတင်းသုံးတဲ့ကျောင်းပါ။

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

  1. social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
  2. cookies အခိုးခံရတာ
  3. key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ

အမှတ်(၁)
အမျိုးအစားက များပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကိုအသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။
တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကို သုံးကြည့်ဖို့ပေါ့လေ။ လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။ မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။ အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့ စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလိုစာမျိုးတွေကို ဘယ်တော့မှမယုံပါနဲ့။ ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့ ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ် စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက် ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင် ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။ အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။ Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။ အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။ ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာ အရင်ကြည့်ကြည့်ပါ။ grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။ ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို ၀ါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။ နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။ ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှ စက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့ သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။ ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။ အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။ စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက် back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။ များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။ ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင် ဖတ်ပြီး ကာကွယ်ကြပါတော့။ အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။ သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။ တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊ ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။


hackerတွေရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ်
ကိုယ် hack ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့ တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware, Software, network topology, server OS, etc....... That's social engineering.

ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။

မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။
  1. g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
  2. g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
  3. g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
  4. ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။

Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။


တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။



အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။
OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်
Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။
အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5

အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။