- Mp3/4 များအားသွင်းသည့်အခါ Auto Cutout ပြုလုပ်ပေးသော Adapter များကိုသာ ရွေးချယ်အသုံးပြုသင့်သည်။ သို့မှသာ Battery တာရှည်အသုံးခံမည် ဖြစ်သည်။ JXD, Sony Mp4 တို့တွင် Charger မီးအနီ ပိတ်သွားလျှင် အားပြည့်ပြီဖြစ်ကြောင်းသိနိုင်ပါသည်။ Mp3/4 စက်များကို ဆက်တိုက် (၂)နာရီ အထက်အသုံးမပြုသင့်ပေ၊ ဆက်တိုက်အသုံးပြုခြင်းကြောင့် အပူရှိန်မြင့်မားလာပြီး စက်အတွင်းမှ အလုပ်လုပ်ရသော IC, FED နှင့် Memory Chip များ ပျက်စီးတတ်သည်။
- Mp3/4 များ LCD Cover မှန်ကွဲအက်ခြင်း၊ LCD ကွဲခြင်း၊ ရေ၀င်နေခြင်း၊ ခလုတ်များ ကျွံဝင်နေခြင်း၊ အလိုအလျှောက်သီးချင်းများကျော်သွားခြင်း၊ Battery ခဏသာအသုံးခံခြင်း၊ Virus များရှိနေခြင်း တို့ဖြစ်လာလျှင် ဆက်လက်အသုံးမပြုဘဲ ပြုပြင်သင့်ပါသည်။
- Mp3/4 ၏ ခလုတ်များကို Game ဆော့လျှင် ကြမ်းတမ်းစွာ ကိုင်တွယ်အသုံးမပြုသင့်ပေ၊ ခလုတ်များသည် အလွန်သေးငယ်သဖြင့် ထိခိုက်ပျက်စီးလွယ်သောကြောင့်ဖြစ်သည်။ ( ခလုတ်များကို အားသုံး၍ မဖိသင့်ပေ)
- Virus ရှိသော Mp3/4 များအနေဖြင့် Loading ပြုလုပ်ချိန်နှေးကွေးခြင်း၊ Memory တွင် ထည့်သွင်းထားသော Data များပျောက်ဆုံးခြင်း၊ နောက်ဆုံး Firmware ကိုပါ ပျက်စီးစေတတ်သောကြောင့် Virus ကင်းစင်အောင် ထားရှိအသုံးပြုသင့်သည်။
- Mp3/4 အတွင်း တည်ဆောက်ထားသော Circuit သည်အလွန်သေးငယ်သဖြင့် လွတ်မကျပါစေနဲ့။
- Mp3/4 များတွင်ပါဝင်သော Build in Memory ကို အကုန်မသုံးပါနဲ့၊ ဥပမာ... 1GB ရှိသော စက်တစ်လုံးတွင် အနည်းဆုံး 10MB လောက်ချန်ထားသင့်သည်။ သို့မှသာ Mp3/4 စက်အလုပ်လုပ်ရန် အတွက် Memory ရှိမည်ဖြစ်သည်။
- အကယ်၍ ပစ္စည်းအကောင်းများအသုံးပြုလိုလျှင် Brand အစစ်များကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့် ပါသည်။ ဥပမာ... Apple မှထုတ်လုပ်သော iPod Touch, iPod Classic, IPod nano, IPod shuffle ၊ Creative မှထုတ်လုပ်သော ZEN X-Fi, ZEN, ZEN Mozaic, ZEN V, ZEN V Plus, ZEN Stone, ZEN Stone Plus, MuVo T200, MuVo T100 ၊ MSI မှထုတ်လုပ်သော P350, P330, P560, P580, PF560, R300 ၊ Sony မှထုတ်လုပ်သော
- » 16 GB capacity
- » Built-in Noise Cancelling System with Clear Audio Technologies
- » SensMe™ Channels (Automatic playlist creation)
- » 8 GB capacity
- » Built-in Noise Cancelling System with Clear Audio Technologies
- » SensMe™ Channels (Automatic playlist creation)
- » 4 GB capacity
- » Built-in Noise Cancelling System with Clear Audio Technologies
- » SensMe™ Channels (Automatic playlist creation)
- » 8 GB capacity
- » Up to 45 hours of music and 8 hours of video battery stamina
- » 2.0 Inch QVGA High Brightness Color LCD
- » 4 GB capacity
- » Up to 45 hours of music and 8 hours of video battery stamina
- » 2.0 Inch QVGA High Brightness Color LCD
- » 2 GB capacity
- » Up to 45 hours of music and 8 hours of video battery stamina
- » 2.0 Inch QVGA High Brightness Color LCD
- » Built-in Bluetooth (AVRCP1.3 A2DP)
- » Slim Size and Light Weight
- » High Quality Video Playback (AVC(H.264/AVC)/MPEG-4)

- » 2.4 Inch QVGA High Brightness Color LCD
- » Slim Size and Light Weight
- » High Quality Video Playback (AVC(H.264/AVC)/MPEG-4)
- » 2.4 Inch QVGA High Brightness Color LCD
|
|
|
MP-3/4 များသည် Memory chip နှင့် Firmware ပေါ်တွင်အခြေခံ တည်ဆောက်ထားသောကြောင့် ညင်သာစွာကိုင်တွယ် အသုံးပြုသင့်သည်။ မိမိဝယ်ယူထားသည့် MP-4 ၏ခလုပ်များအသုံးပြုပုံ Function များကိုသေချာစွာသိထားသင့်သည်။ မိမိ MP-4 ၏ Firmware version ကိုမှတ်သား ထားသင့်သည်။
Camera မပါရှိသည့် MP-4 အမျိုးအစားမျိုးစုံ ရှိသော်လည်းခလုပ် function အများစုမှာ တူညီကြသည်။ မိမိ MP-4 ၏ Firmware ကိုကြည့်မည်ဆိုလျှင် Setup – Firmware version ကို Mode နှိပ်၍ကြည့်နိုင်သည်။
Firmware Version ၏ပုံစံ
2006/05/17
9.1.52
2007/01/12
7515-SDK
အထက်ပါ Information ကို User ကိုယ်တိုင်မှတ်သားထားသင့်သည်။ Camera ပါသော JXD နှင့် Sony တို့တွင်ထိုနည်းတူ ကြည့်နိုင်ပါသည်။ မိမိ MP-4 Firmware ပျက်စီးသွားလျှင် မိမိမှ မှတ်သားထားသော Firmware ရှိသောအခါ Firmware ပြန်ရေးသောအခါအလွန်အသုံးဝင်ပါသည်။ ပြုပြင်လျှင်လည်း 70% ကောင်းနိုင်ပါသည်။
No comments:
Post a Comment
AI PC LAB